မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား ကျင်းပခြင်း
အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ် (၅၇) တွင် မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို (၂၀-၃-၂၀၂၅) ရက် (ကြာသပတေးနေ့) နေ့လယ် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း (၂၅) ဦး၊ အမှုထမ်း (၄၈) ဦး၊ စုစုပေါင်း (၇၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ဥတ္တရသီရိခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစိုးသက်နောင်နှင့်အဖွဲ့တို့မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေး၍ ဝန်ထမ်းများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါသည်။
- Log in to post comments
News
Published Date
25-03-2025