Skip to main content

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းများအား ဖိတ်ကြား၍ အသိပညာ ဗဟုသုတမျှဝေခြင်း(Knowledge Sharing Program) (KSP) ကျင်းပခဲ့ခြင်း

အခွန်အယူခံ ခုံအဖွဲ့၏ အသိပညာဗဟုသုတမျှဝေခြင်း အစီအစဉ် (Knowledge Sharing Program)(KSP)ကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ အခွန်အယူခံခုံအဖွဲ့ရုံး၊ ရတနာ ခန်းမတွင် ၂၄ - ၁၂ - ၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ မွန်းတည့် (၁၂:၀၀)နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားသို့ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းတင်နှင့် အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော်နှင့် ဒုတိယညွှန််ကြားရေးမှူး ဒေါ်နုနုရီ၊ မြန်မာ့ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းတို့က ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍဆိုင်ရာ လုပ်ငန်းသဘော သဘာဝများကို Power Point ဖြင့် မျှဝေ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြပါသည်။

     အသိပညာ ဗဟုသုတ မျှဝေခြင်း အစီအစဉ် (KSP) သည် အခွန်အယူခံခုံအဖွဲ့ ဖွဲ့စည်းပြီးနောက် ပထမဆုံး အကြိမ်ကျင်းပခြင်း ဖြစ်ပြီး ဆက်လက်၍ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများကို ဖိတ်ကြားပြီး အသိပညာ ဗဟုသုတ မျှဝေခြင်း အစီအစဉ်များ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်

News
Published Date
24-12-2020
89%