Skip to main content
အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)၊ အခွန်အယူခံခုံအဖွဲ့ရုံး ဝန်ထမ်း သား/သမီးများနှင့် ကျောင်းတက်ရောက်ဆဲ ဝန်ထမ်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကျင်းပ (၅-၆-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)၊ အခွန်အယူခံခုံအဖွဲ့ရုံး ဝန်ထမ်း သား/သမီးများနှင့် ကျောင်းတက်ရောက်ဆဲ ဝန်ထမ်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ၅-၆-၂၀၂၅ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀)နာရီအချိန်တွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌမှ တက်ရောက်အမှာစကားပြောကြားပြီး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ထမ်းများနှင့် ဝန်ထမ်း သား/သမီးများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ထိ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူ စုစုပေါင်း (၄၂)ဦး တို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေ ကျပ် ၃,၇၉၀,၀၀၀/- နှင့် ကျောင်းသုံး စာရေးကိရိယာ ပစ္စည်း(၅)မျိုး အတွက် တန်ဖိုးငွေ ကျပ် ၆၂၃,၈၀၀/- စုစုပေါင်း ကျပ် ၄,၄၁၃,၈၀၀/- တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

gg

 

ff

 

ee

အခွန်အယူခံခုံအဖွဲ့  ဥက္ကဋ္ဌ က တက္ကသိုလ်တက်ရောက်နေသည့် ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

dd

အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် က အထက်တန်းအဆင့် တက်ရောက်နေသည့် ဝန်ထမ်း သား/သမီး များအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

cc

အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် က အလယ်တန်းအဆင့် တက်ရောက်နေသည့် ဝန်ထမ်း သား/သမီး များအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

bb

အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် က မူလတန်းအဆင့်တက်ရောက်နေသည့် ဝန်ထမ်း သား/သမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

 

aa

အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် က မူလတန်းအဆင့်တက်ရောက်နေသည့် ဝန်ထမ်း သား/သမီး များအား စာရေးကိရိယာ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း

News
Published Date
05-06-2025