အဓိကအကြောင်းအရာသို့ သွားမည်

RAT Service

ဝန်ဆောင်မှုများ

အယူခံမှု

အယူခံမှု

အယူခံမှုဆိုသည်မှာ သက်ဆိုင်ရာ ပြည်တွင်းအခွန်များကို တာဝန်ယူကောက်ခံသည့် ဌာနများက ချမှတ်သည့် အခွန်ဆိုင်ရာ အမိန့်ကို မကျေနပ်၍သော်လည်းကောင်း အကောက်ခွန်ဉီးစီးဌာနက ချမှတ်သည့် အခွန်ဆိုင်ရာအမိန့်ကို မကျေနပ်၍သော်လည်းကောင်း၊ အစိုးရအဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တာဝန်ပေးအပ်ခြင်းခံရသော အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခုက ချမှတ်သည့် အခွန်ဆိုင်ရာအပြီးသတ် ဆုံးဖြတ်ချက်တစ်ခုခုအပေါ် မကျေနပ်၍သော်လည်းကောင်း ခုံအဖွဲ့ထံ အယူခံသည့်အမှုကိုဆိုသည်။

 

ပြင်ဆင်မှု

ပြင်ဆင်မှု

ပြင်ဆင်မှု ဆိုသည်မှာ ခုံအဖွဲ့က ချမှတ်သည့် အမိန့်တွင် အမှုအကြောင်းခြင်းရာနှင့် ပတ်သက်၍ နစ်နာသူက ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြင်ဆင်ပေးရန် ခုံအဖွဲ့သို့ ပြန်လည်တင်ပြသည့် အမှုကို ဆိုသည်။

 

ပြန်လည်သုံးသပ်မှု

ပြန်လည်သုံးသပ်မှု

ပြန်လည်သုံးသပ်မှု ဆိုသည်မှာ ဆုံးဖြတ်ချက် ချမှတ်ခြင်းခံရသူ တဉီးဉီးသည် ခုံအဖွဲ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ပြန်လည်သုံးသပ်ပေးပါရန် ခုံအဖွဲ့သို့ပင် ပြန်လည်လျှောက်ထားသည့်အမှုကို ဆိုသည်။ 

လွှဲအပ်မှု

လွှဲအပ်မှု

လွှဲအပ်မှု ဆိုသည်မှာ ခုံအဖွဲ့သို့ တင်သွင်းလာသည့် အမှုတွင် ဥပဒေအကြောင်းအရ ဖြေရှင်းရမည့် ကိစ္စဖြစ်သဖြင့် စုံညီခုံအဖွဲ့က ကြားနာစိစစ်ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးပို့သည့် အမှုကို ဆိုသည်။