အဓိကအကြောင်းအရာသို့ သွားမည်
အခွန်အယူခံခုံအဖွဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားနေပုံ

အခွန်အယူခံခုံအဖွဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း

၂၉-၁၀-၂၀၂၃ရက်နေ့တွင် ကျရောက်မည့်  အခွန်အယူခံခုံအဖွဲ့၏ (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၆-၁၀-၂၀၂၃ (ကြာသာပတေး)နေ့တွင် ရုံးအမှတ်(၅၇) ၊ အခွန်အယူခံခုံအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ  နံနက်ပိုင်း(၀၆:၀၀)နာရီအချိ်နတွင် သံဃာတော်(၅)ပါးအား အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း ၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခမ်းနားကျင်းပပြုလု်ပခဲ့ရာ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ အမှာစကားပြောကြားခြင်း၊ အခွန်အယူခံခုံအဖွဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဆောင်ပါး ဆုရရှိသူအား ဆုချီးမြှင့်ခြင်း၊ အခွန်အယူခံခုံအဖွဲ့ဝင်များမှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ထူးချွန်စွာအောင်မြင်ခဲ့သော အရာထမ်း၊ အမှုထမ်းများအား ဆုများချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

News
Published Date
26-10-2023