အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၂၉
အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်အဆက်ဆက် အခွန်အယူခံခုံအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဥက္ကဋ္ဌများ၊ ဥက္ကဋ္ဌ(ညွှန်ကြားရေးမှူးချုပ်)များ၏ လုပ်ဆောင်ချက်များ၊ အခွန်အယူခံခုံအဖွဲ့ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရသည်များ၊ ဝန်ကြီးဌာနအပြောင်းအလဲများတွင် လုပ်ငန်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ အခွန်အယူခံခုံအဖွဲ့ ရုံးအဆောက်အဦသစ်ဆောက်လုပ်ရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ အခွန်အယူခံခုံအဖွဲ့ ဥပဒေ၊ နည်းဥပဒေများတွင် လိုအပ်သည်များ ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲများ၊ ကထိန်သင်္ကန်းဆက်ကပ်ပွဲများနှင့် တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော် လောင်းလှူပွဲများတွင် လှူဒါန်းနိုင်ခဲ့မှုများ၊ ကွပ်ကဲမှုအနည်းဆုံးဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အလုပ်တာဝန် များထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့၏ “ယုံကြည် မျှတ မှန်ကန် အခွန်အယူခံ” ဟူသော ဆောင်ပုဒ်နှင့်အညီ အခွန်ထမ်းပြည်သူများအပေါ် ယုံကြည် မျှတအောင် အဂတိတရား ကင်းစင်စွာဖြင့် မှန်မှန်နှင့် မြန်မြန် အမှုကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက အားကိုးရသည့် နိုင်ငံတော်က အားကိုးရသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများအား “ယုံကြည် မျှတ မှန်ကန် မြစ်ဖျားခံရာ အခွန်အယူခံခုံအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို မှတ်တမ်းတင်ထားသည့် Video Clip” ကို ဖွင့်လှစ်ပြသသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက အခွန်အယူခံ ခုံအဖွဲ့သို့ လှူဒါန်းသည့် MYANSAT DTH ရုပ်သံစက်များ၊ ထီးများနှင့် ဦးထုပ်များကို အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက ခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်အား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၀၂၆ ခုနှစ်၊ ဇွန်လအတွက်) ဗဟိုအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူနှင့် ဌာနတွင်း သင်တန်းများတွင် ဆုရရှိခဲ့သူများ၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော သင်တန်းများတွင် ဆုရရှိခဲ့သူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဝန်ထမ်းများအား ဆုမဲများ မဲဖောက်ပေးခဲ့ပြီး ဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းသည်။

အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားစဉ်
အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားစဉ်

အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားစဉ်
အခွန်အယူခံခုံအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို မှတ်တမ်းတင်ထားသည့် Video Clip အား ဖွင့်လှစ်ပြသစဉ်
အခွန်အယူခံခုံအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို မှတ်တမ်းတင်ထားသည့် Video Clip အား ဖွင့်လှစ်ပြသစဉ်
အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌက ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် MYANSAT DTH ရုပ်သံစက်များ၊ ထီးများနှင့် ဦးထုပ်များကို ခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် အား လွှဲပြောင်းပေးအပ်စဉ်
ပြန်ကြားရေးဝန်ကြီးဌာနမှ အခွန်အယူခံခုံအဖွဲ့သို့ လှူဒါန်းသည့် MYANSAT DTH ရုပ်သံစက်များ၊ ထီးများနှင့် ဦးထုပ်များ
အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ဗဟိုအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်

အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်ကျော်က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် ဦးဇေယျကြည်ညွန့်က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် ဒေါ်ရီရီမြင့် က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းနိုင် က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းတင် က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် ဦးကြည် က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင် ဦးမျိုးအောင် က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူထူး က ဌာနတွင်းသင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဒေါ်သန့်ဇင်အေး က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ဖွင့်လှစ်သည့် သင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ဖွင့်လှစ်သည့် သင်တန်းတွင် ဆုရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်စဉ်
ဝန်ထမ်းများအား ဗလာမပါ ဆုမဲများ မဲဖောက်ပေးနေစဉ်
ဝန်ထမ်းများအား ဗလာမပါ ဆုမဲများ မဲဖောက်ပေးနေစဉ်

ဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေစဉ်
ဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေစဉ်
- Log in to post comments
