အဓိကအကြောင်းအရာသို့ သွားမည်

အခွန်အယူခံခုံအဖွဲ့ရုံး (၂/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ အခွန်အယူခံခုံအဖွဲ့ရုံး၏ (၂/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၇ - ၅ - ၂၀၂၂ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး အစည်းဝေးတွင် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခွန်အယူခံခုံအဖွဲ့ ရုံး ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက (၁/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ခုံအဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျော်ကျော်၊ ဦးဇေယျကြည်ညွန့်၊ ဒေါ်ရီရီမြင့်၊ ဦးဝင်းနိုင်၊ ဦးဝင်းတင်၊ ဦးကြည် တို့မှ ဆောင်ရွက်ချက်များအပေါ် ဆွေးနွေးပြောကြားခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းလိုက်ပါသည်။

News
Published Date
27-05-2022